ကောင်းလည်းကိုယ် ဆိုးလည်းကိုယ်

လူသည် မိမိကိုယ်ကို ဖန်တီး၏ ။လူသည် မိမိကိုယ်ကို ကောင်းအောင်လည်း လုပ်နိုင်၏။ ဆိုးအောင်လည်းလုပ်နိုင်၏။

ကောင်းလို တိုးတက်လိုလျှင် မိမိစဉ်းစားတွေးတောမှုလမ်းကြောင်းကို ကောင်းမည့်ဘက်၊ တိုးတက်မည့်ဘက်သို့ဦးလှည့်ပေး

ရလိမ့်မည်။ မိမိကိုယ်ကိုမိမိ ဘ၀စွန်းရည်တိုးတက်ရေးအတွက် ထိန်းကျောင်းပဲ့ကိုင်သည့်ပါရဂူအဖြစ် ခန့်အပ်နိုင်ပြီဆိုလျှင်

တောက်လျှောက် တိုးတက်သွားမှာသေချာပေသည်။

ဘယ်သူကူကူမကူကူ

ငယ်စဉ်တုန်းက ကိုယ့်ကို အားပေးသည့် ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရသည်။ ကိုယ့်ခြေထောက်ပေါ် ရပ်သည့်အချိန်ကျတော့ ပတ်ဝန်းကျင်က နှိပ်ကွပ်သည့်ပတ်ဝန်းကျင်ဖြစ်နေသည်။ သည်ပတ်ဝန်းကျင်မှာ အောင်မြင်ဖို့မျှော်လင့်ချက်တွေ ရှိပါသေးရဲ့လားဟုတွေးတောနောက်တွန့်ချင်စရာတွေ ဖြစ်လာသည်။

မတွန့်ပါနှင့်။ သင့်အတွက် မျှော်လင့်ချက်တွေ၊ အလားအလာတွေအများကြီးရှိပါသေးတယ်။ အရေးကြီးသည်ကသင့်စိတ်ဓာတ်ဖြစ်သည်။

သူတစ်ပါးပြောသည့် အဖျက်စကားကို သင်မှတ်သားနေစရာမလို။ ငါ့အဆင့် ဒီလောက်ပဲရှိမှာပါဟု စိတ်အားငယ်ကာ သူလိုငါလို အဆင့်အတန်းမှာငြိမ်းသက်နေစရာမလို။ ပတ်ဝန်းကျင်မှာမြေတောင်မြှောက်ပေးမည့်သူ၊ လက်တွဲခေါ်မည့်သူ မရှိလျှင်လည်း အရေးမကြီး။ အရေးကြီးသည်က သင့်ကိုသင် အားကိုးနိုင်ဖို့ဖြစ်သည်။

Leave a comment : August 26th, 2008 : Uncategorized

လောကဓံကိုကြံကြံခံ

ပျက်ပြယ်သွားသော အိပ်မက်..

အိပ်မက်တစ်ခု
ကျေပျက်သွားရုံမျှနှင့် ဘ၀တစ်ခုလုံး ပျက်သုဉ်းပြီ မဆိုပါနှင့်။
သင့်နှလုံးသား ကွဲကြေသွားပြီဟု သင် ခံစားနေမည်ကို သိပါ၏။ သို့ သော်
အသည်းနှလုံးဟူသည် မည်မျှ ပြင်းထန်သော ဒဏ်ရာ ဒဏ်ချက်ဆိုစေ ခံယူနိုင်မြဲ
ကုစား ရှင်သန်နိုင်မြဲသာဖြစ်ပါသည်။

မူမှန်စိတ်..

လောက၌
ထူးခြားတိုင်း အောင်မြင်သည် မဟုတ်။ ထူးသလိုဖြင့် ရူးသွားကြသူတွေလည်း
အများကြီးရှိသည်။ စင်စစ် မူမှန် စံမီသော အခြေခံစိတ်ထား ရှိကြသူများသာ
ရေရှည် တည်တံ့သော အောင်မြင်မှုမျိုး ရရှိနိုင်ကြမြဲ ဖြစ်သည်။

အသင့်အတင့် နှလုံးသွင်း..

လောက
လူ့ ကိစ္စများကို အကောင်းလား အဆိုးလား၊ အဖြူလား အမည်းလား၊ တစ်ရာလား သုညလား
စသဖြင့် အစွန်းနှစ်ဖက်တည်းချည်း စွဲမှတ်ထား၍ မရပါ။ ကြားအဆင့်တွေ
များစွာရှိသည်ကို သတိပြုရပါမည်။ နည်းနည်း စွန်းပေသွားရုံဖြင့် အားလုံး
ပျက်စီးသွားပြီဟု ပြော၍မရပါ။ မည်သည့်ကိစ္စမဆို မိမိ ကြိုတင်
မှန်းဆထားသည့်အတိုင်း ရာနှုန်းပြည့် ဖြစ်မလာလျှင်လည်း
ဖြစ်နိုင်သမျှဖြစ်အောင် ရနိုင်သမျှ ရအောင် ကြိုးပမ်းရမည်ကို မမေ့သင့်။

ချီးမွမ်းစကားကို နှစ်သက်ရာ၌ ကလေးနှင့် လူကြီး ကွဲပြားခြားနားမှု မရှိပေ။

သင့်တင့်လျောက်ပတ်သော ချီးမွမ်းစကား…

သင့်တင့်လျောက်ပတ်သော
ချီးမွမ်းစကားမျိုးကို သင့်တင့်လျောက်ပတ်သောအခါကာလ၌ သင့်တင့်လျောက်ပတ်သော
ပုဂ္ဂိုလ်အား သင့်တင့်လျောက်ပတ်စွာ ပြောဆိုတတ်ပါက လူမှုဆက်ဆံရေးလောက၌
အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦး သင် မုချဖြစ်ပေပြီ။

တွန်းအား..

တကယ်
စစ်မှန်သော ချီးမွမ်းစကားသည် လူ တစ်ယောက်အား မိမိလုပ်ရပ်အပေါ် ပို၍
ထက်သန်တက်ကြွလာစေမည့် အင်အား အကောင်းဆုံးသော
တိုက်တွန်းစေ့ဆော်မှုတစ်ရပ်ဖြစ်သည်။

လူကြုံစကား..

ချီးမွမ်းစကားတစ်ခုကို
လူကြုံဖြင့် လက်ဆောင်ပါးခြင်း သို့ မဟုတ် ကာယကံရှင်နားသို့  ရောက်အောင်
ပို့ မည် ကြားလူတစ်ယောက်ရှေ့ တွင် ပြောကြားခြင်းကား လူချစ်လူခင်များစေမည့်
အလွန်ထိရောက်သော နည်းတစ်ခုဖြစ်၏။ စကားတစ်ခွန်းတည်းဖြင့်ပင် ကာယကံရှင်အဖို
့ နှစ်ထပ်ကွမ်း ချီးမွမ်းခံရသလို ခံစားရတတ်ပေသည

Leave a comment : August 24th, 2008 : Uncategorized